ဝေါက်ဝက်ဟော့စ်ဟာ၁၀ဦးဖြင့်ကစားရတဲ့ဂျီဘရယ်တာနှင့်ပွဲစဉ်မှာလည်း ဂိုးထပ်မံမသွင်းယူနိုင်ခဲ့ပါဘူး။နောက်ခံလူနသန်အကဲနှစ်ဦးသွင်းနိုင်ပေမဲ့လည်း တိုက်စစ်မှူးဖြစ်တဲ့သူကဂိုးမသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နယ်သာလန်ဟာမနေ့ညတုန်းကဂျီဘရယ်တာကို၃-ဝဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးယင်းပွဲတွင်ဂိုးပေါက်ကန်ချက်၅၁ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။ မမ်ဖစ်ဒီပေးကနယ်သာလန်အတွက်အဖွင့်ဂိုးသွင်းခဲ့ပြီးဒုတိယပိုင်းတွင် နသန်အကဲကနှစ်ဂိုးသွင်းခဲ့ပါတယ်။ နယ်သာလန်တို့ပွဲကိုလွှမ်းမိုးကစားနိုင်ခဲ့ပေမဲ့လည်း ယူနိုက်တက်တွင်ဂိုးပေါက်တွေ့ဖို့ခက်ခဲနေတဲ့ဝက်ဟော့စ်ကတော့ လက်ရွေးစင်အသင်းမှာလည်းဂိုးပေါက်တွေ့ဖို့ ခက်ခဲနေခဲ့ပြန်ပါတယ်။ သူဟာမိနစ်၉၀အချိန်ပြည့်ကစားခဲ့ပေမဲ့လည်းဂိုးပေါက်မတွေ့ခဲ့ပါဘူး။ ဂျီဘရယ်တာဟာပွဲချိန်၅၁မိနစ်မှာကစားသမားတစ်ဦးအထုတ်ခံရလို့ ဆယ်ဦးတည်းနဲ့ကစားခဲ့ရပေမဲ့လည်းဝက်ဟော့စ်ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့်လည်းဘောလုံးပရိသတ်များဟာဝက်ဟော့စ်ရဲ့ဂိုးမိုးခေါင်မှုကို လှောင်ပြောင်မှုများပြုလုပ်နေကြပါတယ်။ ပရိသတ်တစ်ဦးက “အကဲကနှစ်ဂိုး သွင်းတာတောင်တိုက်စစ်မှူးဖြစ်တဲ့ဝက်ဟော့စ်ကဂိုးမသွင်းနိုင်ဘူး”လို့ဆိုသွားပါတယ်။ အခြားတစ်ဦးကလည်း “အကဲကပင်နယ်တီဧရိယာမှာ၅မိနစ်နေပြီး ၂ဂိုးသွင်းသွားတယ်။ဝေါက်ဝက်ဟော့စ်ထက်ပိုကောင်းတဲ့တိုက်စစ်မှူးပါ”လို့ပြောကြားသွားပါတယ်။ နယ်သာလန်ဟာယင်းပွဲတွင်ဘောလုံးပိုင်ဆိုင်မှု၈၇ရာခိုင်နှုန်းအထိရရှိခဲ့ပြီး ထောင့်ကန်ဘော၁၉ကြိမ်နှင့်ဖြတ်တင်ဘော၆၂ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဝက်ဟော့စ်ဟာဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပြီး […]